လွတ်မြောက်ခြင်း
မေ့မရတဲ့နေ့များမှာ
အတိတ်ကပြန်လာ
အဟောင်းတွေက အသစ်ဖြစ်လို့
ဝေဒနာ ရှင်ခန်းဖြတ်ရရင်ဖြင့် ......
ချန်ရစ်ခဲ့သမျှ ဝေဒနာအဖြေရှာ
တစ်နေ့တော့ဖြင့်
ဒီသံသရာဝဲဂယက်က
အရှုံးမဖက်ရုန်းထွက်ချင်လာ ......
ရုန်းထွက်ခြင်းက
အမုန်းမဖက်စေ
အရှုံးမပေး
နှလုံးအေးစေ
ဝေဒနာကိုကုစား
ချမ်းမြေ့ပါစေသား ......
လွတ်မြောက်ခြင်းရဲ့အရသာကို
အချိန်တခု သက်သေပြုလို့
လက်ခံမိတာ
ဖြစ်မြဲဓမ္မတာမို့
နေ့သစ်များမှာ
စိတ်ကိုကုစား
အမှောင်ထဲက
အလင်းသို့.......
(10.5.2019)YGN

Comments
Post a Comment