အဖြည့်ခံ

တဒင်္ဂတစ်ခဏလေးပါ
တိတ်တဆိတ်ပဲ လွင့်ကြွေ
ခဲလုံးလေးတစ်လုံး တောက်ချလိုက်သလို
ဟိုးအဝေးဆုံးထိ လွင့်စင်ထွက်သွားချင်မိရဲ့ .......

ဒါပေမဲ့လည်းလေ
အခြေအနေမှန်ကိုမြင်
ပစ္စက္ခကို လက်ခံစေချင်
လိုတာမရ ရတာမလိုတဲ့
လူ့သဘာဝမို့ အပြစ်ဖို့စရာမမြင် .......

အဖြည့်ခံရှိမှ လိုအပ်နေရာပြည့်မှာမို့
အပြည့်စံရအောင် အဖြည့်ခံပါမယ်လေ ......

အဖြည့်ခံဆိုတဲ့ ပညတ်တစ်ခုက
အမုန်းမရှိ အရာရာစွန့်လွှတ်ရင်း
အပြုံးများဖြင့်စွန့်လွှတ်ရင်းနဲ့ပဲ
ပေးဆပ်ခြင်းသက်သက်ဆိုတာ
တစ်နေ့ပြီးတစ်နေ့ပိုသေချာ  .......

ပျော်ရွှင်စရာ ကြံဖန်ရှာပြီးမှ
တစ်နေ့ပြီးတစ်နေ့ အားဖြည့်ရတာ
ပို့သမေတ္တာ ရစေလို့ငှာ
ကိုယ်လည်းအားတင်းရင်း .......

လမ်းခုလတ်မှာ မရပ်တန့်ရေး
လှော်တက်ကို အားကုန်ယက်လို့
စွမ်းကုန်ရွက်လွှင့် ..........


TTH (6.5.2019) YGN


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...