ရှုတ်ထွေးမှုရဲ့အဆုံး

အစမရှိ အဆုံးမသိသလို
ဒီလက်တစ်စုံနဲ့ ဖန်တီးလိုက်တဲ့အရာက
အဆိပ်အတောက်များ ဖြစ်စေသလားဆိုတာ
မတွေးမိရော့လေသလားလေ ...........

ရလဒ်ကတော့
မည်သူမပြု မိမိမှုဆိုတာ
ကမ္ဘာဦး အစ ကတည်းက
သက်သေ သာဓကများနဲ့
ရှိလာခဲ့တာကလား...........

လူ့သဘာဝ တူရာပဲ စုတတ်တာမို့
အညှီရှိရာ ယင်အုံစမြဲဆိုတာ
မြင်သာထင်သာ ရှိလွန်းလို့ ............

အမှန်တရားက သိပ်ခါးတော့လည်း
အနာပေါ် တုတ်ကျသလို ဖြတ်ဖြတ်လူးလို့
လက်သည်း ဆိတ်တော့ လက်ထိပ် နာမှာသေချာ.............

နောက်ဆုံးမတော့
ဟိုတွယ်ဒီတွယ် ရှုတ်ထွေးနှောင်ရစ်
မလူးမလွန့်သာ မဖြစ်ရအောင်

ရပ်တည်ကြိုးစား နောက်နေ့များပေါ့ ..............


(30.5.2019) YGN

Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး