သံဝေဂ

မာနက မိုးထိမြင့်နေတော့
အမှန်မြင်ဖို့ရာခက်လှ
ဒီအတ္တနဲ့ ဒီမာန ခဝါမချသရွေ့
လျှောက်ရတဲ့ ဘဝလမ်း
ဖြောင့်တန်းဖို့မမြင်......

ကွေးသောလက် မဆန့်မီ
ဆန့်သောလက်မကွေးမီ
ရုတ်တရက် နှုတ်ဆက်ထွက်ခွါ
ဒီတစ်လမ်းပဲ ရှိတာ  ......

မြန်နှုန်းမတူပဲ ပြေးလမ်းထက်ဝယ်
မနေ့ကထက် တစ်နေ့ပြီးတစ်နေ့ ပိုပိုနီးလာ
ပန်းတိုင်ကို ဘယ်သူ အရင်ဦးမယ်ဆိုတာ
မသိနိုင်တဲ့အရာ......

ခဏတာရောက်လာ ဒီဘဝမှာဖြင့်
အတ္တနဲ့ မာန ခဝါချကာ
ကိုယ်စိတ်နှလုံး ရွှင်ပြုံးကြည်လို့
လူသားပီသစွာ နေထိုင်ကြရင်း
အမုန်းတရား မပွားကြစေ

ချစ်ခြင်းတရားများ တိုးပွားကြစေသား ........


(8.5.2019) YGN


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...