အနီးဆုံးလား ... အဝေးဆုံးလား

ဆက်ဆံရေးတစ်ခုမှာ ရိုးရှင်းလွန်းတဲ့အခါ
နှလုံးသားချင်းနီးစပ်
တစ်ယောက်စိတ်ထဲ တစ်ယောက်
ထိုးဖောက် သိနိုင်တာမျိုး .....

မျက်တောင်တစ်ချက်အခတ်
စကားလုံးလေးတစ်ချက် ဖွင့်ဟယုံနဲ့
ဟိုးအထိ သိနေနှင့်တာမျိုး .......

ပိုတယ်လို့တော့ မဆိုလိုက်ပါနဲ့
ကြုံလာတဲ့တစ်နေ့
ဘယ်အရာက အဝေးဆုံးသို့
တွန်းပို့သလို၊ ဘာကြောင့််များ
နီးစပ်စေသလဲ သိလာမှာ ........

စောင့်ခဲ့သမျှတွေ ဝေးနေ
အရာမထင်တဲ့ စိတ်ကူးယဥ်ချက်တွေက
လက်တွေ့မဆန်
အိပ်မက်တစ်ဝက် နိုးတစ်ဝက်နဲ့
ရှိပါစေလေ လောကဒဏ်တွေ ........

ကြုံလာလေတဲ့ လောကဒဏ်တွေ
လေဆန်ကို အံတုလို့
မျက်မှန်စိမ်းကို ဖယ်ခွာ
မြင်မြင်သမျှက သဟဇာတဖြစ်လို့
ကိုယ့်ရဲ့ချစ်ခြင်း အလင်းဖြစ်စေသား .........

ဆန်းကြယ်သမျှ ဒီဘဝက
ရယူခြင်းထက် ပေးဆပ်မှုက
အလေးသာလို့
တည်ငြိမ်စွာနဲ့ ချစ်တတ်ဖို့

သင်ယူလိုက်ပါ နှစ်တွေများစွာ ........


(25.5.2019) YGN




Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး