အလွမ်းဒဏ်ရာ

နှလုံးသည်းပွတ် ကျွမ်းလှချည့်ရဲ့
ရင်တွင်းဝေနာ မဖြေသာတည့်
ထိုင်မရထမရ ခက်လှသည် ......

မဖြေသာ ဝေဒနာများနဲ့
မကြားချင်သား ဒီစကားကို
ငြင်းရခက်လှသည် ........

ဝေးဖို့အကြောင်းကံ ပါလာပြန်တော့
လွမ်းနေယုံသက်သက်ပဲမို့
အလွမ်းသံသရာမှာ ဆရာကျခဲ့ပြီ  ......

အချစ်နဲ့ မေတ္တာတရားမှာ
ဘယ်အရာက အေးချမ်းသလဲ
အကြိမ်ကြိမ်အခါခါ သုံးသပ်
အဖြေမှန်ကို ဆုံးဖြတ်ခဲ့မိပေါ့ ........

ရခဲ့တဲ့ဒဏ်ရာတွေများ အချိန်တွေကကုစား
အားသစ်တွေမွေးရင်း အတိတ်နေ့စွဲများ
တဖြည်းဖြည်း မှုန်ဝါးစေ.....

အနာဂါတ်နေ့များ ပီပြင်ပြတ်သားစေ....

(10.5.2019) YGN 



Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး