တကယ်တော့ .......... ကျောခိုင်းတတ်ဖို့သာလိုတာပါ

အမှန်တရားကို တံဆိပ်ရိုက်
လူမြင်အောင်ပဲ သိမ်းလို့
ဒီအရပ်ကနေ ဆုတ်ခွာဖို့ကြိုးစား
ရှေ့တစ်လှမ်း မတိုးသာမှန်း
စောစောကသိခဲ့ရင် ကောင်းသား .....

တကယ်တော့ .................
ကျောခိုင်းတတ်ဖို့သာ လိုတာပါ.........

လူတွေအမြင်မှာ
အပေါ်ယံတွေသာ အားကျစေဖို့
ငါ ....... အားမထုတ်ပါရစေနဲ့
ခဏတာ ပေါ်လွင်ခြင်းက
ကောက်ရိုးမီးလိုသာ ဆိုတာ
သူသိခဲ့ရင်ကောင်းမှာ .........

အဓိကနဲ့သာမည ခွဲနိုင်ဖို့တော့
ငါ  အမြဲကြိုးစားတာပါ
မရောင်ရာဆီလူး အနာနဲ့ဆေး
မတည့်တဲ့ခါများလည်းရှိစေအုံးတော့ ......

ဝါးလုံးခေါင်းထဲ သာတဲ့လရဲ့ အလင်းထဲမှာ
မင်း ကျေနပ် ပျော်ရွှင်နေတော့
ဒါဟာ ... တစ်ဘဝစာလား
တဒင်္ဂအတွက်လား သေချာသုံးသပ်
အမှန်ကိုပဲ မြင်လိုက်စမ်းပါ.......

ရှေးဘဝ ကုသိုလ်ရယ်ကြောင့်
‌အထောက်အပံ့ကောင်းလေး
ရချိန်မှမဟုတ်ပဲ
အနာဂတ်နေ့များမှာပါ
ရှင်သန် ရပ်တည်နိုင်ဖို့
မင်းဖက်က ကြိုးပမ်းရလိမ့်မယ်ပေါ့ .......

ပြည့်သောအိုးက ဘောင်ဘင်မခတ်
လေယူရာ ဘယ်မတိမ်းဘူးဆိုတာ
ရှေးလူကြီးတွေ အဆိုရှိခဲ့သလိုပဲ
လက်ရှိလောက တွေ့ရမြင်ရ
သူခိုးက လူဟစ်လို့
ဘယ်သူ့နောက်က ငါတို့ရပ်မလဲ
အမှန်ကို မြင်ဖို့ သိပ်ခက်နေတာလား .........

သေချာတယ် ဆွမ်းဆန်ထဲတော့
ကြွက်ချေးရောနေတတ်တာ သဘာဝ မို့
ဒီအခြေအနေမှာ နှစ်လိုစရာမရှိတာကို
ရွေးလို့သာ နင်ဖယ်ထုတ်ကာ
အဖြူဟာ အဖြူသက်သက်ပဲ ဖြစ်သင့်တာ ........

ကဲ... ဒီလိုနဲ့ပဲ ရင်ထဲက အနှစ်မပါ
ဗလာစကားတွေနဲ့ ဟန်ဆောင်မဲ့အစား

ပကတိဖြူစင်စွာနဲ့ ရပ်တည်လိုက်စမ်းပါ ........



(28.5.2019) YGN

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...