ညီမလေးသို့ ............

ဘဝဆိုတဲ့ ကျောင်းတော်ကြီးမှာ
အသစ်အသစ်တွေလည်း လေ့လာ
အဟောင်းထဲက အကောင်းများစွာ
ယူလိုက်ပါ ကောင်းတဲ့အရသာ .......

ဖြူစင်လိုက်ပါ ညီမလေးရာ
အဖြူရောင်မှာ တခြားအရာ
အစွန်းထင်းတော့ မခံစေချင်တာ
မူလအတိုင်း ပကတိအရာသာ
ရှိစေအပ်တာပါ  ......

ရှိသင့်တဲ့မာနတရားကို တပ်ဆင်လို့
ရိုးရှင်းလွန်းစွာနဲ့ ကိုယ့်ကိုကိုယ်
တန်ဖိုးထားသင့်သလောက်
ထားလိုက်စမ်းပါလေ ........

အ‌ကြောင်းတရား အမျိုးမျိုးတွေကြောင့်
အကျိုးတရားပေါင်း မြောက်များစွာဟာ
တိုက်ဆိုင်လွန်းလို့ ဆိုတာထက်
မိမိစိုက်ခဲ့တဲ့အတိုင်းမို့
ရလာတဲ့ အသီးအပွင့်လို့သာ
မှတ်ယူလေ........

ချိုမြိန်တဲ့ရလဒ်‌‌‌တွေဟာ သက်သေပြုနေတာ
လောကမှာ ရေများရေနိုင်
မီးများမီးနိုင် ဆိုတာမျိုးတော့
အနည်းနဲ့ အများတော့ ရှိပေအုံးမပေါ့ .......

အများ မိုးခါးရေသောက်တော့
ကိုယ်လည်း လိုက်သောက်မလား
ပြောချပစ်လိုက်ပါ မိုးထိတစ်ဆုံး
ကိုယ့်မာန် ကိုယ့်ဟန် ကိုယ့်မူကိုယ်ထုတ်
ငါက နင်မဟုတ်ဘူးဆိုတာ ......

ရွေးချယ်ခွင့်မရှိတဲ့ အခြေအနေတစ်ခုမှာ
ရှိနေတာလေးပဲ အကောင်းဆုံးမှတ်ယူ
လဲလျင်ပြန်ထ လျှောက်မြဲလျက်သာ
အားပြင်းတဲ့ မြားတစ်စင်းလိုပေါ့.......

ဘဝလမ်းမှာ ရှေ့မထွက်ရလည်း
ဘာမှမဖြစ်ဘူးဆိုတာ
မင်း တစ်နေ့ သိလာမှာ.....

ခွန်အားပြည့်စွာနဲ့သာ
ခိုင်ခိုင်မာမာ ရပ်တည်လို့
အမှန်တရားကိုလည်း
ချစ်မြတ်နိုးစေ......

ရည်မှန်းချက်လည်း ခိုင်မာစေ ..........

(12.5.2019) YGN


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...