ယုံကြည်ရာလမ်း

စေတနာနဲ့အသပြာ နှိုင်းဆစရာ
သူဖွေရှာတော့ မြင်သာထင်သာ
ဘယ်အရာက အလေးသာတာ
စေတနာ အမျိုးမှန်တော့
အကျိုးပေးသန်မှန်း မင်းသိလောက်ပေါ့ ......

လုပ်ရပ်တိုင်းမှာ
သစ္စာတရား ဦးထိပ်မှာထား
ကိုယ့်အကျိုးထက် သူ့ကောင်းကျိုးသာ
မျှော်မှန်းရည်ကာ မင်းကြိုးစားပါ.......

လိုအပ်နေရာ ကွက်လပ်ဖြည့်ပါ
ဖြည့်ရန်ကွက်လပ် ဖြည့်ပြီးက
စိတ်ထဲ ပီတိဝင်လာမှာ ......

ဖြူစင်စိတ်ထား မြဲမြဲခိုင်ကာ
လျှောက်လှမ်းသေချာ ခရီးလမ်းမှာ
ဆူးညောင့်ခပင်း ကင်းစေမှာ .........

မေတ္တာစိတ်ထား တိုးပွားကျင့်ကာ
ထားသည့်မေတ္တာ ဦးတည်ရာမှာ
ကိုယ်ကျိုးမပါ သန့်ရှင်းဖြူစွာ
မင်းရပ်တည်ပါ .......

ပေးဆပ်ခြင်းမှာ ပျော်မွေ့ကြည်စွာ
ယုံကြည်ရာလမ်း မင်းလျောက်လှမ်းပါ
တစ်နေ့တော့ဖြင့် ‌ရောင်ပြန်လာလိမ့်မှာ ............

(16.5.2019) 8:00 PM 


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...