ဘဝခွန်အား ပေးခွင့်ရစေသား

လှည့်ကွက်များနဲ့ လောကအလယ်
နေတတ်သလိုနေလာရင်း
စည်းတစ်ခုထား နေသားတကျ
နေထိုင်ဖို့ကြိုးစားမိလာ ............

စည်းဝိုင်းရဲ့ အပြင်ဖက်မှာပါပဲ
ဝင်တိုးကြည့်ဖို့ မကြိုးစားမိသလို
အဝေးသို့ပြေးဖို့ မခက်သာပြီမို့
နီးရက်နဲ့ သာ.....

‌နွေနွေ မိုးမိုး ဆောင်းဆောင်း
ရာသီအလီလီ ဘယ်လိုပင်ပြောင်း
ဆန္ဒတွေ မပြောင်းပါဘူး
အလှဆုံးနေ့များကို ဖန်တီးလို့
လျှောက်သောလမ်းက စိမ်းလန်းစေဖို့ .......

ဘဝရဲ့ အဓိပ္ပါယ်ကို ဖွေရှာတဲ့အခါ
ရိုးရှင်းလွန်းစွာ နေထိုင်ဖို့ သိလာ
ပေးဆပ်ခြင်းနဲ့ ရင်းနှီးစွာ
ဘဝခွန်အား ပေးခွင့်ရစေသားလို့ရယ်
ဆန္ဒတွေပြု ဆုတွေတောင်းမိခါခါ ......

အမှန်တရားက သိပ်ကိုခါးမှန်းသိစေခဲ့လည်း
လွတ်မြောက်ခွင့်သာ ရချင်သူမို့
လွတ်‌မြောက်ဖို့လမ်း ကြံစဥ်ရည်မှန်း
သွားရာလမ်းမှာ အေးချမ်းမှုနဲ့မိတ်ဖွဲ့
ကင်းပါစေ....နောင်မှတတဲ့နောင်တမျိုးကို
တစ်သက်မယူ ကြည်ဖြူစွာနဲ့
အရှုံးမပေး နှလုံးအေးလို့ရယ်

သွားနေပြီ ပန်းတိုင်ဆီသို့ ...........


(16.5.2019) 9:30 PM

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...