အပြစ်ကြွေး

သူက ကိုယ့်အတွက်
နာကျင်ရတယ်ဆိုတာလည်း
ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့
ဒီဝဋ်ကြွေးက ဒီဘဝဒီမျှသာပဲ
ရှိစေတော့ရယ်လို့ ခံယူထားလေတော့
ကိုယ့်မှာ ....
ခပ်နုံနုံ ခပ်ထုံထုံ ဦးနှောက်နဲ့
ခပ်ညံ့ညံ့အတွေးများသာ
ထွက်လာခဲ့လေသလား....

အမှန်ကို မမြင်
သူ့ဖက် တစ်ချက်ငဲ့မကြည့်ခဲ့မိတဲ့
ခပ်ညံ့ညံ့ နှလုံးသားတစ်စုံကိုလည်း
အပြစ်ဖို့ရင်း
နောင်မှရသော နောင်တများနဲ့ ....
ငါ ... တစ်နေ့မှာ
ဒီအပြစ်ကြွေးတွေ

ကျေအောင်ဆပ်မဖြစ်လိမ့်မယ်...........


(22.5.2019) YGN

Comments

Popular posts from this blog

လီလီပန်းလေး

နံရံတွေမှာ နားရှိတယ် .........