ဗြမ္မာစိုးနှလုံးသား

အနိုင်မယူလိုပါ
အရှုံးမပေး နှလုံးလဲအေးစေ
မေတ္တာတရားနဲ့ လမ်းပြ
အေးချမ်းလှတဲ့ တစ်ဘဝ
ငါလေ ဖြတ်သန်းချင် .......

ကိုယ်နှင့်ယှဥ်ထား သူတစ်ပါးအား
ကရုဏာပွားလို့ ဖေးမလို့ကူချင်
ဒုက္ခဟူသမျှ ကင်းဝေးစေ .........

အောင်မြင်မှုမှာ သူ့အရာဟု
အားပေးဝမ်းမြောက်ပြုခြင်းသည်သာ
ပွားရ မုဒိတာ .....

စာနာနှလုံးသားနဲ့
သူပြုလေသမျှ အမှားအမှန်ကို
အတ္တမဆန် အမှန်ကိုလက္ခံ
ပြုထားသည်သာ ဥပေက္ခာ .....

လေးပါးဗြမ္မာစို တရားမှန်ကို
စွဲကိုင်ပြုလို့ လျှောက်မှသာလျှင်
ငြိမ်သက်ချမ်းမြ ဤဘဝတွင်

ရမည်မုချ ယုံကြည်စွာ .......


(27.5.2019) YGN

Comments

Popular posts from this blog

လီလီပန်းလေး

သင်ယူခြင်း...