အလွမ်းတွေနဲ့လမ်းမဆုံးဘူးသခင်

အနီးနေရာက တန်ဖိုးထားစရာမမြင်

ဝေးသို့သာ လှမ်းမျှော်မိတော့

မျှော်ရသူအဖို့မှာတော့ မောလှပေါ့သခင်....



သို့ပါသော်လည်း

လောင်မြိုက်ကျွမ်းလာ 

ကိုယ့်ရင်ကမီးကိုဖြင့်

မမြင်သာအောင် ကွယ်ကာဝှက်

လွမ်းစေသူကိုသာ ပို့မေတ္တာချွေမိ

ဘယ်ဘဝကံပါလာခဲ့လေသလားရယ်လို့

တွေးမိခါခါပေမဲ့ ကိုယ့်ရင်မှာသစ္စာပြုလို့

အလွမ်းတေးသီရင်းနဲ့ အလွမ်းတွေနဲ့ပဲ

လမ်းမဆုံးစေရပါဘူး

လမ်းမဆုံးပါဘူးသခင်....။ 


(19.4.2019) 9:30 PM 
YGN 

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ