ကြွေ

အကြည့်တစ်ချက်အဝေ့
လေပြေလေးတစ်ခဖြတ်အပြေး
တဒင်္ဂလေးမှာပဲခြွေချစရာမလို
အသံမမြည်ပါပဲတိတ်တိတ်ကလေး
ကြွေ.......

ကြွေတာပဲလေ...
စကားလုံးတွေအများကြီးမလိုပါဘူး
လိုရင်းရောက်ဖို့ကအဓိကဆိုတာ
မင်းလည်းသိကိုယ်လည်းသိရင်
ပြီးတာပဲမဟုတ်လား.....

အဲ့လို့ပါပဲဒီလိုချိန်ခါမရောက်ခင်ထိ
ဘယ်လိုအခြေအနေမျိုးမှာမှ
မထိရှမရိုက်ခတ်နိုင်ခဲ့တာ
နည်းနည်းတော့အံ့ဩမိတယ်
မထိမရှမိတော့မကြွေခဲ့မိဘူးပေါ့

ခုတော့မင်းနဲ့ကျမှ....

(26.4.2019) AYA

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ