လူမှုဘ၀

စံတွေလွဲမှား ငါ့ဘို့သမားတွေကြား
ဖွင့်ထားတဲ့စိတ်တစ်ခုနဲ့
အရာရာမှာအံဝင်ခွင်ကျ
လူမှုဘဝတွေထဲမှာ
ကိုယ်နေထိုင်ပါတယ် ..... ။

အနေအထိုင်တတ်ဖို့ကြိုးစားရာမှာ
အတ္တနဲ့မာနကိုခဝါချ
ကြုံလာသမျှတွေဟာ
သင်ခန်းစာအသစ်လို့မှတ်ယူ

သင်ယူလို့မဆုံးခင်မှာပဲ
ဟောနောက် တစ်ခုရောက်လာ
သို့ပေမဲ့လဲ အမှားမကင်းနိုင်ကြတဲ့
နိယာမလူ့သဘာဝကိုလက်ခံ
နာကျင်စရာတွေကိုနေရာမပေး

နှလုံးအေးအောင်နေကြစို့လား .....။

(28.4.2019) YGN 



Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ