ငါ့ရဲ့စာမျက်နှာ/ကဗျာ

လက်တွေ့မှာ ..... ငါဟာ
ရှေ့သို့ဦးတည် လျှောက်တဲ့လမ်းတောင်
နောက်ကြောင်းပြန်မလှည့်တတ်တာ
ပြောင်းပြန်လျှောက်ရမဲ့လမ်း
အမြဲတမ်းရှောင်ခဲ့တာ .......

ဒါပေမဲ့...... စိတ်ကူးယဥ် ငါ့ကမ္ဘာမှာ
အမြဲတမ်း နောက်ကြောင်းပြန်လှည်နေသလိုသာ .....

ရေးနေတဲ့စာမျက်နှာတောင်
နောက်ဆုံးကစလို့ တဖြည်းဖြည်း
နောက်ကြောင်းကိုသာ....

ထိုနည်းတူစွာ ..... အဆုံးသတ်ကစလို့
 အစထိရောက်အောင် ပြန်ပြောင်းလို့သာ
ငါဖတ်မိနေတာ ........

ငါ့ဘဝ/ငါ့ကဗျာတွေထဲမှာ
စာမျက်နှာအဆုံးမှာ အစ ပျိုးလို့

အစကိုမှ နိဂုံးချုပ်ဖို့ ငါကြိုးစားမိနေတာ ......

Thursday, April 4, 2019 




Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ