ဒီနွေဦး

ဒီနွေဦးရဲ့ စအဖွင့်မှာ
ဝေဝါးလှစွာ ငါ့ကံကြမ္မာ
ချိုသလား/ခါးသလား
သင်္ချာသဘောနဲ့အချိုးချတဲ့အခါ
လတ်တလောငါ့စိတ်မှာ
ခါးသီးခြင်းက ပိုနေတာ.....

သုညနဲ့ တစ်ကြားက တန်ဖိုးတစ်ခုဟာ
အလှမ်းမဝေးပေမဲ့
ပြောင်းလဲခြင်းအတွက်
ရင်းနှီးခဲ့ရ နာရီများစွာ....

သို့ပေမဲ့လည်း မျှော်လင့်ချက်က
မဝေဝါးအောင်သာ ခေါင်းမာစွာနဲ့
ပေးလာတဲ့ ကံကြမ္မာကို အရှုံးမပေး
ပြုံးပြုံးလေးနဲ့ ကျော်ဖြတ်ဖို့
ငါကြိုးစားမယ်....

(1.3.2019) YGN 

Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး