တနင်္ဂနွေ အတွေးများ

ခွဲမသွားနဲ့နော် ပြောလိုက်ပေမဲ့ .....

တုန့်ပြန်မှု အချည်းအနှီးနဲ့
ပြန်လာ/မလာ မသေချာတော့တဲ့လမ်းမှာ
ဘယ်ချိန်ထိ နင်စောင့်နေမှာ ........။

ပေးတိုင်းပြန်မရတတ်တဲ့ အချစ်တစ်ခုမှာ
နင်နေသားကျနေတာ
မြင်ရတဲ့ငါ့မှာ တခါတခါ
မချင့်မရဲဖြစ်နေမိတာ .........

အဆုံးသတ်မသိ အနာဂတ်မရှိ
အဖြစ်တွေများ အချိန်နဲ့သာ နင်ကုစား
ဘာပဲဖြစ်ဖြစ် ဒါကိုနင်ကျော်လွှား
ခုပေးနေတာ နင့်အတွက် အားပေးစကား

ဒီအတွက် မသတ်မှတ်လိုက်ပါနဲ့ငါ့ကို
အသဲနှလုံးမရှိတဲ့လူရယ်လို့ပေါ့။

တကယ်တော့ငါက....

စောင့်နေမယ်လို့ မပြောချင်သူ .....


Comments

Popular posts from this blog

လီလီပန်းလေး

သင်ယူခြင်း...