သံသရာကြောက်သူ
ထိ မိ လှပ စကားလုံးများက
စည်းချက်ကျန ထိုစဥ်ခဏ
ရှင်းလင်းကြည်စွာ အမှတ်ရမှာ .....
တွေးစဥ်ခဏ လွမ်းမိရတာ
နှလုံးသားမှာ တစစ်စစ်နာ
ဖြေသိမ့်ဖို့ရာ အလွမ်းဝေဒနာ
နာကျင်စရာနဲ့ ဖြေသာတာ
အတွေးထဲမှာ ဆုတောင်းမြဲသာ
ကြွေးဟောင်းကျေလို့
ကြွေးသစ်မယူ
သံသရာကိုသာ ကြောက်နေမိသူ....
Comments
Post a Comment