အစွန်းနှစ်ဖက်မှာ

တကယ်တော့ ခုချိန်မှာ 
မင်းနဲ့ကိုယ်နဲ့က
အစွန်းနှစ်ဖက်မှာ မျက်နှာချင်းဆိုင်လို့ .....

နီးစပ်ဖို့ထက်
တစ်ယောက်ကိုတစ်ယောက်က စောင့်ကြည့်လို့
ကိုယ့်အထာနဲ့ကိုယ် .....

အပေးအယူတူမျှ အေးအတူပူသမျှ
အချင်းချင်းဝေငှရင်း... ရှေ့ဆက်ကြတာ

ဘယ်ချိန်ထိ ကာလရှည်ကြာ
ဒီလိုသာနေရပါ့ .....

နောင်တစ်နေ့အတွက်
အဆုံးသတ်လှပဖိ့
သစ္စာတရားဆိုတဲ့ကြိုးနဲ့
ကိုယ်စီချည်လို့......

တင်းလွန်းရင် ပြတ်တတ်တဲ့
သူ့ရဲ့ သဘောကိုရှောင်
မလျော့ခါ မတင်းခါနဲ့
မယိုင်မနဲ့ဘဲနဲ့

သတိထားပြီးကြိုးစားရပ်တည်ရအောင်.....။

Saturday, April 6, 2019 

Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး