ငါ့အထာနဲ့ငါ

မနီးစပ်နိုင်တော့တဲ့ ဒီဘဝမှာ
အရှိတရားလေးသာလက်ကိုင်ထား

ရခဲ့သမျှ ဒဏ်ရာတွေအတွက်
ဆုအဖြစ်နဲ့ထင်မှတ်ရင်းနဲ့သာ

လွမ်းစရာကို နာစရာနဲ့ဖြေရန်မလို

အလွမ်းဒဏ်ရာတွေကိုပဲ
တသသထုတ်ကြည့်ဖို့ရာ
အကြောင်းကံက ဖန်လာတာမို့
လွမ်းနေရတာကပဲ
ကိုယ့်ရဲ့ မဟာအခွင့်အရေးလို
တယုတယနဲ့ ပိုက်ထွေးနေမိပေါ့

ဘယ်သူလာပြောပြော

လွမ်းတာတောင်မှ ငါ့အထာနဲ့ငါ.........


Comments

Post a Comment

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ