စိတ်ချင်းအဖော်

ရင်းနှီးမှုတစ်ခုအစပြုလို့
တစ်ယောက်ကောင်းကျိုးတစ်ယောက်
လိုလားလို့အပြန်အလှန်နဲ့
ပေးခြင်းနဲ့ယူခြင်းကမျှတ
စိတ်တူကိုယ်တူမျှလို့
မေတ္တာတရားတိုးပွား
သစ္စာတရားလက်ကိုင်ထား

ကြာလာတာနဲ့အမျှကြိုးစားရမှာ
အရင်းအတိုင်းမပြောင်းလဲပဲ
ဆက်ဆံရေးတည်မြဲဖို့
ဘယ်တော့မှမပြိုကွဲဖို့

လျစ်လျူရှုသင့်တာရှုလို့
တွန်းအားအပြန်အလှန်ပေးလို့
လျှောက်ရမဲ့ဘဝလမ်းမှာ
တိုတိုထွာထွာဟောတစ်ခုဟောတစ်ခုနဲ့
ယူမကုန်နိုင်သင်ခန်းစာတွေများ
သံဝေဂတွေပွားကြရင်း
သတိပြုကြရင်း 
မနက်ဖြန်များအတွက် 
အားတွေမွေးကြရင်း 

အဖြူရောင်သံယောဇဉ်တစ်မျိုးနဲ့
အရင်းနှီးဆုံးတစိမ်းတွေအဖြစ်
အရှိတရားကိုလက်ခံကြစို့လား...

🌼🌸🌼🌸🌼🌸🌼🌸🌼🌸


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ