ပြောပြချင်တဲ့ အကြောင်းလေး

ပြောပြချင်တယ် 
ဒီကနေ့ အဆင်ပြေတဲ့အကြောင်းလေး  .....

ပြောပြချင်တယ်
ဒီကနေ့ နေသာတဲ့အကြောင်းလေး .....

ပြောပြချင်တယ်
ဒီကနေ့ စိတ်ကြည်လင်နေတဲ့အကြောင်းလေး .....

ပြောပြချင်လို့
ဒီလိုပဲ သာယာတဲ့ လမ်းလေးပေါ် 
အလိုက်သင့်လေး လျှောက်နေဆဲပဲလို့လေ .....

ပြောပြချင်သေးတယ်
ဒီလိုလေး လျှောက်နိုင်ဖို့
ဝါယမလေးတော့ စိုက်ခဲ့တယ်ဆိုတာကိုပေါ့ .....။

(၁၉.၀၆.၂၀၂၀) ရန်ကုန်။ 

Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး