အသက်နဲ့ထပ်တူ စကားလေးရယ်

ဘယ်တော့မှမမေ့ဘူး ပြောခဲ့တာရယ်

အလျာအနံမဲ့ပေမဲ့ အသွားအပြန်ရှိတယ်ဆိုတာ

မေတ္တာတစ်ခုပဲရှိတယ် ထင်ပါရဲ့ .....


မေတ္တာမျှခဲ့ကြတယ်ဆိုတာ

​အဖိုးအဖွားခေတ်ရယ်ကတည်းက မကပဲ

သစ္စာများနဲ့ တည်ဆောက်လို့

ညစ်ပေတဲ့ အတွေးများလည်းမတွေး

ပေးဆပ်ခြင်းရယ်လို့ အမည်မတပ်ပဲ

ထာဝရကောင်းကျိုးကိုသာ ရှေးရှုလို့

နေလာခဲ့သော ကာလများလည်း

ရှိခဲ့တာ သေချာတယ်လို့ .....

(နံနက်ခင်းအတွေးတစ်စ)
(၂၂.၀၆.၂၀၂၀) ရန်ကုန်။ 

Comments

Popular posts from this blog

လီလီပန်းလေး

ကံ