ရပ်တည်မှုတစ်ခုရဲ့ပြယုဂ်

ဘယ်သူက ခိုင်းစေသလဲမေးရင်

အဖြေတော့မရှိ 

ရင်ထဲကအရာ ဘာမှန်းမသိခဲ့သလို

သိဖို့ရာလည်း ကြိုးစားမနေချင် .....


အရာရာတိုင်းမှာ 

နားလည်ပေးတတ်လွန်းတော့ 

အမေ့ခံဘဝ ရောက်မှန်းမသိ

အလိုက်သိတတ်လွန်းတော့

တာဝန်တစ်ရပ်ကဲ့သို့ .....


ထာဝရလား တစ်ခဏလား ခွဲခြားမသိ

အမှတ်တမဲ့ထက် အမှတ်တရက

ပိုသာခဲ့တယ်ဆိုတဲ့အတွေး ဒီမှာတင်ရပ်သင့်သလား .....


အကျိုးမမျှော်ခဲ့ဘူးဆိုတာ သေချာလွန်းလို့

သစ္စာတရားနဲ့ အချိန်တွေရယ် သက်သေပြုလိမ့်မယ် .....

(၂၈.၀၆.၂၀၂၀) ရန်ကုန်။ 



Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...