ဆယ်စုနှစ်လေးစုစာအတွေး

ကလေးဘဝအရွယ် ငယ်ကတည်းက
ရင်တွင်းမေတ္တာ ထုတ်ကာမပြ
တိတ်ဆိတ်ခြင်းနဲ့ မိတ်ဖွဲ့
တိုးတိတ် စိုးစိတ် ဘဝင်မကျခဲ့လေသမျှ

ဘဝခရီးလမ်း တစ်ဝက်ရယ်မှာ
သူကောင်း ကိုယ်ကောင်း
ကောင်းကျိုးတွေ ဆောင်လို့
ဟန်ဆောင်အလွှာတွေ ထိုးဖောက်
သံယောဇဉ်အားတွေနဲ့ ခရီးနှင်လို့ရယ် .......

ဆယ်စုနှစ် လေးစုရောက်လာ
လူကဲခတ်ခြင်းပညာမှာ တစ်ဖက်ကမ်းခတ်လို့
မညီမျှခြင်းများနဲ့ ကြုံရဆုံရ ဒီဘဝမှာ
ကိုယ်မသိနိုင်ခဲ့တဲ့ ဝဋ်ကြွေးများ
ကျေစေလိုရင်း ပေးဆပ်ရင်းနဲ့သာ .....

၁၀ စုနှစ်လေးစုစာ ဘဝမှာ ထင်ဟပ်
နုနယ်ပျိုမြစ်ခြင်းမှသည် 
သစ်ရွက်ပမာ တစ်နေ့ကြွေမှာပဲမို့
အပြစ်ဟူသမျှ ကင်းပါစေကြောင်း
သံသရာအကြွေးလည်း ငါ ဆပ်ရင်း
လောကဒဏ်ကို အံတုလို့
ငြိမ်သက်ခြင်းနဲ့ တည်ငြိမ်တတ်ခဲ့ပြီ ......။

(၁၉.၀၆.၂၀၂၀) ရန်ကုန်။ 

Comments

Popular posts from this blog

လီလီပန်းလေး

သင်ယူခြင်း...