အဖြူရောင်စာမျက်နှာပေါ်

အို မှင်ဖြူနဲ့ ငါရေးခြစ်လို့

ငါ့ကိုငါ ပြန်မြင်ရတယ် ....


နိမိတ်ပုံတွေက 

ဟိုတစ်ကွက် ဒီတစ်ကွက်ရယ်နဲ့

အဖြူရယ်မှာ စွန်းပေစရာမရှိ

သူ့ဂုဏ်နဲ့သူသာ ရှိပါစေလို့ 

အတ္တဖြူဖြူနဲ့ ပြန်သိမ်းခဲ့ပြန် .....။

(အတွေးပန်းချီထဲက အဖြူရောင်)

(၁၄.၆.၂၀၂၀) ရန်ကုန်။

Comments

Popular posts from this blog

သင်ယူခြင်း...

လီလီပန်းလေး