အဖြူရောင်စာမျက်နှာပေါ်

အို မှင်ဖြူနဲ့ ငါရေးခြစ်လို့

ငါ့ကိုငါ ပြန်မြင်ရတယ် ....


နိမိတ်ပုံတွေက 

ဟိုတစ်ကွက် ဒီတစ်ကွက်ရယ်နဲ့

အဖြူရယ်မှာ စွန်းပေစရာမရှိ

သူ့ဂုဏ်နဲ့သူသာ ရှိပါစေလို့ 

အတ္တဖြူဖြူနဲ့ ပြန်သိမ်းခဲ့ပြန် .....။

(အတွေးပန်းချီထဲက အဖြူရောင်)

(၁၄.၆.၂၀၂၀) ရန်ကုန်။

Comments

Popular posts from this blog

လီလီပန်းလေး

နံရံတွေမှာ နားရှိတယ် .........