ဝမ်းစာ

သိလာခဲ့တယ် အတွေ့အကြုံများစွာနဲ့ရယ်

အောင်မြင်မှုအစစ်က ဘာလဲဆိုတာ

လွတ်လပ်မှုနဲ့ ပုံဖော်ထုဆစ် 

တစ်နေ့ ပန်းတိုင်ရောက်ရမယ်လို့ .....


နေရိပ်အလာ နေပူကစောင့်ရတာလည်း

ဓမ္မတာပဲမို့ ဉာဏ်ပညာဦးဆောင်

ထီး ဖိနပ်ကလေးလည်း ဆောင်ရတာပဲပေါ့ .....


ကျင်လည်ရာ ဘဝတာမှာ

လိုက်လေရှာလေ ဝေးဝေးပြေးလေမို့

ငွေကြေးနောက်ကို တို့ မလိုက်လို

တစ်နေ့နေ့ရယ် ငွေဆိုတာ

လူနောက်လိုက်လာဖို့

ဝမ်းစာတွေရယ် ဖြည့်ကြဖို့ပဲ ဆိုတာ

သိလာခဲ့ပြန်တယ် ....


အလျော်အစားတွေနဲ့

တာဝန်ယူမှု တာဝန်ခံမှုတွေကလည်း

ဘဝမှာ အရေးပါသမို့

ကြီးကြီးသေးသေး ဒါ တို့အရေးပဲလို့

နေ့ရက်တိုင်းမှာ စိတ်ဝယ်မှတ်ထား 

ကြိုးစားရပ်တည်လို့ရယ် 

ခရီးဆက်ရပြန်ပြီလေ .....

(၂၇.၀၆.၂၀၂၀) ရန်ကုန်။ 

Comments

Popular posts from this blog

ပျော်ပါစေ

သင်ယူခြင်း...

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ