ယုံကြည်ရာရယ် နောက်နေ့သစ်များဆီ

ဒီလိုနေ့မျိုးပေါ့
ကိုယ်စိတ်ကူးတွေနဲ့
ခဏခဏအရောက်သွားလို့  ....

ဒီလိုနေ့မျိုးပေါ့

အိပ်မက်တွေထဲ အစီအစဉ်တကျ
ကိုယ်လေ စီးမျောခဲ့ဖူးပေါ့ ....

ဒီလိုနေ့မျိုးပေါ့

တစ်ခါတစ်ခါ 
ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးလို့
လိုက်ရှာခဲ့ရ တစ်ခဏတွေလည်း ရှိခဲ့ပေါ့ .....

ဒီလိုနေ့မျိုးတွေ များစွာရယ်နဲ့

ဆယ်စုနှစ်တွေရယ် လေးကြိမ်ရောက်လာ
လောကဒဏ်ကိုလည်း အနိုင်တိုက်လို့
တစ်လုပ်စားဖူး သူ့ကျေးဇူးလည်းဆပ်လာခဲ့ရင်း
မိတ်ကောင်း မိတ်တုလည်း ခွဲခြားတတ်ခဲ့ပြီ
လိုသုံးများနဲ့လည်း ဝေးဝေးနေတတ်ခဲ့ပြီ .....

ဒီကနေ့ထိတိုင် 

ယုံကြည်ရာရယ် စေတနာရယ်မှန်စွာနဲ့
မယိုင်မနဲ့ ငါလျှောက်ခဲ့လို့
ဒီတိုင်းသာ ဆက်လျှောက်ဖို့
အားမာန်ထည့်ရင်း ပတ္တမြားရတုမှသည်
နီလာ၊ ရွှေ၊ မြ၊ စိန်ရတု ဆီ .....။
(ပတ္တာမြားရတု အမှတ်တရ)

(၂၅.၀၆.၂၀၂၀) ရန်ကုန်။

Comments

Popular posts from this blog

ပျော်ပါစေ

သင်ယူခြင်း...

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ