ဝိရောဓိ

အရာရာ နောက်ကွယ်ကမို့

အခြားလူသိဖို့ မလိုဘူးရယ်လို့

မြိုသိပ်ထားတဲ့ စကားတွေရယ်

သိမ်းထားတဲ့ ကိုယ့်အတွေးတွေက

ရံဖန်ရံခါ ဆန္ဒပြတော့

ကိုယ့်အတွေးများနဲ့ကိုယ် ပဋိပက္ခရယ် ဖြစ်လာတယ် .....


ဝိရောဓိတွေနဲ့ လွဲချော်မှုလေးတွေအကြောင်း

ခဏခဏရယ် တွေးမိလို့ .....


အနာပေးပြီး ဆေးကျွေးတာတွေကလည်း

နိယာမတရားပေပဲလို့ 

လက်ခံမယ် မခံဖို့ရယ်နဲ့

ရံဖန်ရံခါမှာ တွေဝေမိတော့

မောဟ အမှောင်ဖုံးလို့

ဖယ်ဖယ်ထုတ်ရတာ 

မမောနိုင်မပန်းနိုင် .....


ကြေကွဲချိန် ဝမ်းနည်းချိန်တွေမှာ

မျက်ရည်တွေက အပိုင်စီးလို့

သူ့အတွက် နေရာပေးရတာ

ဘယ်သူတွေများ ကိုယ်ချင်းစာနိုင်မလဲလေ .....

(၁၄.၀၆.၂၀၂၀) ရန်ကုန်။ 


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...