အစစ်အမှန်

ရင်ထဲမှာ ပန်းများပွင့်လို့ ရှင်သန်ခဲ့တယ်

ကိုယ့်နှလုံးသားတို့

မှတ်ကျောက်တင်ခံ အစစ်အမှန်သာမို့

ဘယ်သူဘာပြောပြော ရှေ့ဆက်ရဦးမှာ .....



ယုံကြည်ချက်တွေရယ် ခိုင်မာလို့

အဖြေတွေဟာ နီးသထက်နီးလာ

ခရီးများရယ် အဆုံးမရှိစေအုံးတော့

အလိုက်သင့်ပဲ ခရီးဆက်ဖို့ ရည်ရွယ် .....

(၀၂.၀၆.၂၀၂၀) ရန်ကုန်။


Comments

Popular posts from this blog

သင်ယူခြင်း...

လီလီပန်းလေး