ဆန္ဒလိုအင်

ညညတွေဟာ တိတ်ဆိတ်လွန်းလှ
တွေးချင်ရာတွေး ဆွေးချင်စရာ
ကိုယ့်အတွက် အကြောင်းပြချက်မဲ့

အဟောင်းတိုင်း အကောင်းတိုင်းရှိနေသေးတဲ့
နှလုံးသားတစ်စုံနဲ့ ဒီချိန်ဆို ကြုံလာနေကျ
အမှတ်ရစရာတွေက တိုက်ဆိုင်လွန်းလှတယ်..... 

တစ်စုံတစ်ရာဟာ တစ်စုံတစ်ရာကြောင့်ပဲ
ကိုယ်ပြုခဲ့မိသမျှ 
တရားစီရင်ချက်မှာ
အပြစ်သားတစ်ယောက်သာသာ
မဖြစ်ချင်ပေမဲ့လဲ ဝဋ်ကြွေးရှိက
ဒီဘဝ ဒီမျှနဲ့ကျေပါစေ..... 

ဆန္ဒလိုအင်ဆိုတာ ကိုယ့်အတွက်တော့
ဒီထက်ကို မပိုတော့တာ 
လေးနက်မှုကို ပမာပြုလို့
ရင်ထဲမှာ ပန်များနဲ့ ပွင့်စေ ဝေစေ
ကြေကွဲစရာများ အမြဲလွင့်စင်စေ..... 



(25.12.2019) Wed

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...