နှစ်သစ်ဆုမွန်


2019 ရဲ့ အဆုံးသတ်ရက်နေ့
နှစ်ဟောင်းရဲ့ ကောင်းခြင်းဆိုးခြင်း သုံးသပ်ဆင်ခြင်
2020 နှစ်သစ်အတွက် အားမွေးပြင်ဆင်ယင်း…….
---------------------------------------------------------------
လူသားအချင်းချင်း ထက်အောက်ဖိနှိပ်
ကောက်ကျစ်ယုတ်မာ စိတ်မသမာဖြင့်
ဟန်ဆောင်ဖုံးကာ နှလုံးမလှ မရှိကြစေ….

ကိုယ်ချင်းစာတရား ပွားများကျင့်ယူ
ပြုံခြင်းပညာ မေတ္တာများစွာ
ပျော်ရွှင်မှုမှာ လွတ်လပ်စွာ
စကားအရာ ရိုးသားစွာ
စွန့်လွှတ်မှုမှာ မျှော်လင့်မပါ
ပေးဆပ်မှုမှာ အေးမြကြည်စွာ
လဲလျှင်ပြန်ထ ဘဝဆန်စွာ
မှား/မှန်တွေမှာ သင်ခန်းစာ
များစွာ ကျင့်ကြံနိုင်ကြရန် .....

မိမိကိုယ်တိုင်
မိသားစုများ
လုပ်ဖော်ကိုင်ဖက်
မိတ်ဆွေချစ်သူ
စိတ်တူကိုယ်တူအားလုံး….. အားလုံးအတွက်
ဆန္ဒမွန်ဖြင့် လျှောက်လှမ်းကြစို့
တောင်းဆုခြွေပါတယ်။

TTH (31.12.2019)


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...