တွဲလက်တစ်စုံ

လှမ်းလာတဲ့ လက်တစ်စုံအတွက်

တွေဝေစရာ နောက်ထပ်မရှိတော့တဲ့ခါ

ဆွဲကိုင်စရာ လက်တစ်စုံဖြစ်လာတာ  .....


ဆွဲထူ တွဲကူခြင်းနဲ့

ရှင်သန်ရာ ကမ္ဘာမြေတစ်နေရာမှာ 

လောကီ၊ လောကုတ် နှစ်ဖြာကောင်းကျိုး

တိုးပွားစေကြောင်း အားသစ်လောင်းကာ

ဓိဌာန်အောင်စေ တို့ဆုတောင်းမလေ .....



အပြုံးချိုမြ လိုက်ဖက်လှစွာ

စိတ်ဝယ်ချိုအေး ငြိမ်းလို့ကြည်သာ

မေတ္တာနှလုံး အစဉ်သုံးကာ

ပြုမြဲ သစ္စာ တည်စေသားလို့

ဆုတောင်း ခါခါ ရှိစေတာ .....



(၁၇.၁၂.၂၀၁၉) ရန်ကုန်

Comments

Popular posts from this blog

သင်ယူခြင်း...

လီလီပန်းလေး