ခိုင်မြဲခြင်း (၂)

တကယ်ပါ
ကိုယ် မပြောင်းလဲပါရစေနဲ့
ပြောင်းလဲခြင်းထဲမှာ
တယုတယ ထုဆစ်ထားတဲ့
ကိုယ်တို့ရဲ့  ချစ်ခြင်းအတွက်
အဓိပ္ပါယ်မဲ့ သေဆုံးသွားမဲ့
အတ္တတစ်ချို့က ခါးသက်တဲ့
နက်ဖြန်များဆီ တွန်းပို့စေနိုင်တာ .... ။

ဝေဒနာ မဖြေသာမှတော့
ရင်ဝယ်လှိုက်မော စိတ်တွေစောလို့
ဘ၀လမ်းက ဆူးခလုတ် မငြိအောင်
ကိုယ် မစွမ်းဆောင်နိုင်မှာ 
တိုးတိတ် စိုးစိတ် ဖြစ်မိတာပါပဲ.....။

နားလည်ပေးပါ 
အသက်ထက်ဆုံး မပြောင်းမလဲပဲ
စိတ်တူကိုယ်တူ တိုက်ပွဲအလီလီ
ဝင်လာသမျှ  ခါးစည်းခံလို့
ခိုင်မြဲလက်တွဲ အောင်ပွဲဆီသို့
ချီတက်ကြမယ်လို့....။


(27.12.2019) THU

Comments

Popular posts from this blog

လီလီပန်းလေး

အိပ်မက်တွေကို ငါလိုက်ဖမ်းမယ်

နံရံတွေမှာ နားရှိတယ် .........