မမြဲခြင်းတရား

ဒီဇင်ဘာရဲ့ ဆောင်းလေရူးဟာ

မနှစ်ကထက် ပိုလာရဲ့

ဥတုရာသီတောင် အစွန်းရောက်နေမှ

လူသားတွေ အစွန်းရောက်ကြတာ

ဘာဆန်းသလဲလေ .....

မမြဲခြင်းတရားဟာ နေရာတကာ

ချစ်ခြင်း နဲ့ မုန်းခြင်းဟာလဲ

နေ့မြင်ညပျောက် မမြဲခြင်းထဲပါနေရဲ့ .....

တရားမရှိဘူးပဲဆိုချင်ဆို

ခုဆို ငါ ..... မြင်မြင်သမျှ

အထာမကျတော့ .....

ရုန်းကန်မှုတွေနဲ့ စိတ်ပျက်လက်ပျက် 

ဘ၀ကြီးထဲက မမြဲခြင်းတရားကိုဆန့်ကျင်လို့

တစ်ခဏမဟုတ်  ထာ၀ရသာ ပြေးထွက်ချင် .....


15.12.2019 (YGN)

Comments

Popular posts from this blog

လီလီပန်းလေး

အိပ်မက်တွေကို ငါလိုက်ဖမ်းမယ်

နံရံတွေမှာ နားရှိတယ် .........