ခိုင်မြဲခြင်း .....

ထပ်တူညီမှု အကြောင်းပြုလို့

ဝမ်းနည်း ဝမ်းသာ ရှိချိန်တူမျှ
ဖေးမကူကာ ရပ်တည်မြဲလေ.....  

အရောင်တွေလည်း မပြောင်းနဲ့
ဆန္ဒပြည့်ဝ နှလုံးလှဖို့
စိတ်ဝယ် ရှင်းလို့ 
နားလည်မှုလည်း ထပ်တူထားကာ
ရှေ့သို့ချီတက် အားမာန်နဲ့လေ.....  

ဘဝတိုတို ဆုံတွေ့ချိန်ကို
သူ့ကျိုး ကိုယ့်ကျိုး 
ကောင်းရာပြုလို့ 
တန်ဖိုးသိစေ မေတ္တာဝေမျှ
တူတကွမို့ ကျောက်ဆောင်ပမာ
ခိုင်မြဲခြင်းကို ရှေးရှုရာ ..... 

(6.12.2019) YGN



Comments