ဇာတ်သိမ်းခန်း

 ပြောဖြစ်ခဲ့တဲ့စကားတွေက

ရင်ဘတ်ထဲ ထည့်သိမ်းဖို့

ပြည့်ကျပ်လို့ နေရာလပ်မကျန် 

လျှံသွားခဲ့ရင်း သူသိပါစေတော့လို့ပေါ့ ....


ထူးမလာမှန်း သိပေမဲ့

သတ္တိတွေမွေးခဲ့တာတော့

ကိုယ့်အကြောင်းပြချက်နဲ့ကိုယ်ပဲလေ ....


ဘဝတွေဟာ ဓာတ်ရှင်ဆန်ဆန်

ပရိတ်သတ်အကြိုက် ဇာတ်ထုတ်တစ်ထုတ်ဖြစ်ဖို့ မလွယ်လှပေမဲ့

ဇာတ်နာတာတွေကတော့ 

ဗီလိန်ခန်းတွေများလွန်းလို့မို့

ဓာတ်ရှင်ထဲက ဘဝတွေနဲ့

လက်တွေ့ဘဝဟာ တူတူပဲဆိုတာ သေချာတယ် .....


အရွယ်က စကားပြောလာတယ်ထင်ရဲ့

ဘဝဇာတ်ဆရာကို လာဘ်ထိုးမယ်စဉ်းစားရင်း

ဇာတ်ရုပ်ရေးတဲ့အခါ

ဇာတ်သိမ်းခန်းမှာ လှပသေသပ်ဖို့သာ

သေချာမှာမိတယ် .....


အကယ်ဒမီလည်း မရချင်နေ

ဇာတ်လမ်းတစ်ပုဒ်ဟာ

မှတ်တမ်းဖြစ်ကျန်ဖို့ အဓိကပဲလေ .....


(4.7.2021) SUN

Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး