နွေဦးရဲ့တေးသွား

စကားလုံးတစ်ချို့ 

တီးတိုးရေရွတ်သံကြားရ

ဒါဟာ ရုန်းကန်သံပဲလို့ ...


ဇာတ်လမ်းရဲ့ စ,လယ်,ဆုံးမှာ

ရင်ဘတ်ချင်း နီးသူတွေနဲ့

အမှောင်တွေထဲက ဆိုနေကြတဲ့

နွေဦးရဲ့တေးသွားဟာ ဂန္တဝင်မြောက်စွာ ...


​နှလုံးသွေးများနဲ့ အရင်းအနှီးပြု

ဒီအောင်ဆုဆိုတာ

ဘာနဲ့မှ မလဲနိုင်တာ အသေအချာ ...။

သက်တန့်လွှာ


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...