ပြန်ဆုံမယ်

 ဖော်ရှာဝေး  မျှော်ကာငေးရင်း  

ပြန်လာမဲ့ရက် မျှော်လင့်လျှက်

မေ့ပျောက်ဖို့ခက် အချိန်ဆိုတဲ့ငှက် ....


အလွမ်းအာရုံထဲက အလွမ်းစကားပါး 

ဒီတစ်ခါ လွမ်းနေယုံပဲလား .....


သံသယမပို သူ့အကြောင်းကိုဆို

ကောင်းကျိုးသာရစေလို

စိတ်မှာသို သူ့နောက်က အရိပ်ပမာလို  ....


နားလည်စာနာ အပြစ်မဆိုရက်

ပြန်ဆုံကြမယ် မျှော်လင့်လျှက် ....


January 20, 2022. 

Comments