နှလုံးဘဝင်မှာ အချိန်အခါမဲ့

ရွာတဲ့မိုးက အစိုးမရဆိုးလှတယ် ...


ပျော့ပျောင်းတဲ့အသံမှာ

အားမာန်မပါဘူးလို့ ဘယ်သူပြောသလဲ ....

တိုးလျှိုးတောင်းပန်စရာမလို

အမှန်တရားသာ သိစေလို ....


မျိုးဆက်တွေဟာ အိပ်မက်တွေကို

ဈေကြီးပေးဝယ်

တစ်ချို့...

ကောင်းကင်ပေါ်က ကြယ်တွေကို ဆွတ်ခူးဖို့

ခရီးဝေး ထွက်သွားကြတယ် ....


တို့ဘဝတွေ

ဆေးမြီးတိုနဲ့ ကုနေရုံနဲ့

ကျေနပ်လို့ ဖြစ်ပါ့မလား

ဤခရီးက နီးလာပြီလား ...


ရပ်ပစ်လို့မဖြစ်ဘူး ...

ရပ်ပစ်လို့မဖြစ်ဘူး ...

အချိန်ဆိုတဲ့ သမားတော်က

ကုစားပေးလိမ့်မယ်

သေချာတဲ့ မနက်ဖြန်တွေအတွက်

လဲကျခဲ့လည်း ကုန်းထဖို့လိုဦးမယ် .....


တစ်ချို့က

အနေအစားချောင်တဲ့ ဘဝတွေမှာ

အပေါစားပျော်ရွှင်မှုတွေနဲ့ 

နှစ်သိမ့်ရင်း မျှော်လင့်ရင်း ထမ်းပိုးရင်း

ရှေ့သို့ သာ လှမ်းကြည့်စေလို .....



တံခါးခေါက်နေပြီ

အရုဏ်ဦးဟာ နိမိတ်ကောင်းတွေ သယ်လာခဲ့

သားရွှေအိုးထမ်းလာ လမ်းခုလတ်မှာ ....


ခမ်းနားတဲ့သစ်ပင်ရိပ်အောက်

ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ခိုနားနိုင်ကြဖို့

အမှိုက်ကအစ ရှင်းလင်းကြအုံးစို့။

February 06, 2022 (SUN)

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...