ကမ္ဘာမြေအတွက် သစ္စာဆုတောင်း

ငါ့ကမ္ဘာမြေအတွက်

ငါ့အသွေး ငါ့အသား ငါ့နှလုံးအိမ်ထဲ

ငါ ... ရိုးသားခြင်း သစ်ပင်ပဲစိုက်ခဲ့တယ်

ဒီအသီးကိုပဲ ငါမျှော်လင့်စားသုံးမယ်

ဒီသစ်ပင်က ထုတ်လွှတ်တဲ့

အောက်စီဂျင်နဲ့ ငါအသက်ရှင်ချင်တယ် ...


ငါ့ သစ္စာတရားက

လူသားတို့အပေါ်မှာ လွှမ်းခြုံလို့

သိက္ခာကို ရိက္ခာနဲ့မလဲ

စည်းစိမ်ဥစ္စာတို့လည်း

နိစ္စမမြဲတည်း ဓမ္မတာမို့

ငါ့ ခံယူချက်တို့ မပြို
မလဲ

ခိုင်ကျည်ခြင်းတရားနဲ့သာ

ငါ ... မွေ့လျော်လိုတယ်။



အဖြူဟာ အဖြူနဲ့ရောလို့

သူ့မှာ စွန်းထင်းမှုကင်းတယ်

အဖြူရောင်သက်သက်မှာ

ရောချင်ရော အဖြူပဲအရောခံမယ် ....



နေ့စဉ် မပြတ် ကျင့်ကြံအားထုတ်ခြင်းအတွက်

ဒီတောင်းဆုလေး ပြည့်ပါစေ ...

လူအချင်းချင်း လှည့်ပတ်ခြင်း

ကင်းရှင်းကြပါစေ ...

အထင်သေးခြင်း အချင်းချင်း

ကင်းရှင်းကြပါစေ....

ဆင်းရဲလိုခြင်းအချင်းချင်း 

ကင်းရှင်းကြပါစေ ... ။

February 06, 2022.(SUN)

Comments

Popular posts from this blog

ပျော်ပါစေ

သင်ယူခြင်း...

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ