၄၀ ကျော်အတွေးများ

၁၀ စုနှစ်လေးစုစာ
ဘဝမှာ 
နုနယ်ပျိုမြစ်ခြင်းနဲ့ ရင့်ရော်ခြင်းဟာ 
သစ်ရွက်ပမာ
ဘဝရဲ့ ဝတ္ထုဇာတ်လမ်းတွေထဲ
ဇာတ်သိမ်းကောင်းမဲ့အရေး တွေးရင်း 
အနာဂတ်ကို ရေးခြစ်ရာမှာ
ယုံကြည်ချက်ဟာ အခရာမို့
လမ်းပေါ်လျှောက်ရင်းလမ်းမပျောက်ဖို့
ငါ .... ကြိုးစားခဲ့တယ်  .....

ဘဝပင်လယ်ပြင်မှာ
လှိုင်းထန်လေဆန်လည်း
လက်ပစ်ကူးရမဲ့အချိန်မှာ 
မမောတမ်းကူးခတ်လို့
ပန်းတိုင်ရောက်ရေးသာရှေးရှုလို့ .....

အမှန်တရားကို မြတ်နိုး
သစ္စာလေးပါး မြတ်တရားသာ 
ထွဋ်မြတ်ထားရာ အမှန်မို့
သစ္စာဖြူဖြူနဲ့ တောင်းဆုတွေပြုမိတယ်
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုးလို့
ကောင်းကျိုးကိုယ်၌  တည်ပါစေသော် .....။

ဆယ်စုနှစ် လေးစုရယ်ကျော်လာတော့
အတွေ့အကြုံရယ်နဲ့ ဘဝလမ်းခရီးမယ်
ဘယ်အကွေ့မှာ ဘယ်ခလုပ်နှိပ်မလဲ
ငါ .... ရွေးချယ်တတ်ခဲ့ပြီ .....

ကိုယ့်ကိုယ်ကိုယ်သာ နှိမ့်ချ
ပေးဆပ်ခြင်းများနဲ့ မွေ့လျော်ရင်း
ငါ....  ဘာမှမဟုတ်ခဲ့တာ
သေချာတယ် 
ဒီအတွက် ငါ ... ကျေနပ်တတ်ခဲ့တယ်။

ဆယ်စုနှစ် လေးစုကျော်လာခဲ့ရင်း
လူကဲခတ်ခြင်းပညာမှာ တစ်ဖက်ကမ်းခတ်လို့
မညီမျှခြင်းများနဲ့ ကြုံရဆုံရ ဒီဘဝမှာ
ကိုယ်မသိနိုင်ခဲ့တဲ့ ဝဋ်ကြွေးများ
သိမြင်လာရင်း 
အဆုံးတစ်နေ့မတော့
ငါ့အတွက် ငါပဲရှိတယ်ဆိုတာ
သာ၍ ထင်ရှားလာတယ် ......

ချစ်ခြင်းမေတ္တာနဲ့ အလင်းအမှောင်
ဓမ္မနဲ့ အဓမ္မ
မှားမှန်ရယ် အဖြေရှာ
တစ်နေ့ တွေ့မှာရယ်လို့
မမောတမ်း လျှောက်နေဆဲ
အို ... ခရီးသွားဧည့်သည် တစ်ဦး ငါ .....

နေဝင်မိုးချုပ် အလုပ်လုပ်ရင်း
တည်ငြိမ်လာခဲ့ပြီ
မာယာ ပရိယာယ်များလှတဲ့ လောကထဲ
ဉာဏ်ပညာနဲ့ ချစ်ခြင်းတို့ တိုးတိုးရင်း 
မတုန်မလှုပ် ရင်ဆိုင်ရင်း 
အကြောတင်းတင်းနဲ့ နေတတ်ခဲ့ပြီ .....။ 

4.6.2022 (SAT)


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ