ချစ်ခြင်းတရားက မွေးမိခင်တမျှ

သူလုပ်သမျှ မှင်သက်မိရ ခဏခဏ

မေတ္တာတရားကို တန်ဖိုးထားမြဲ

သစ္စာတရားနဲ့ သူလမ်းပြဆဲ


အကြောက်တရားက လွတ်မြောက်ဖို့အရေး

သူ့ကိုယ်သူနဲ့စတေး အမြဲ လမ်းပြပေး .....


အဲဒီကျေးဇူးကြွေး တို့ဆပ်ဖိုးဝန်မလေး

ဆူးညောင့်ခလုတ်တို့ ဖယ်ကာရှင်းရင်း

အမေ့ခေါင်းမှာ ပန်းတွေနဲ့ဝေဖို့တွေး

ဖွေးဖွေးဖြူတဲ့ စံပယ်တစ်ခင်း

ငါလေ ... စိုက်ပေးချင်။ 

TTH (19.6.2022)


ကမ္ဘာ့သံမဏိလိပ်ပြာရဲ့ (၁၉..၂၀၂၂မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် မွေးနေ့ လက်ဆောင်

Comments

Popular posts from this blog

လီလီပန်းလေး

သင်ယူခြင်း...