ဘဝဇာတ်ခုံ အဖုံဖုံမှာ 
ကိုယ့်ဇာတ်ကိုယ်ပိုင် တင်ဆက် အသုံးတော်ခံပေမဲ့ 
ရံဖန်ရံခါ ရင်ဘတ်ချင်း မတူတော့ 
အကယ်ဒမီဆုနဲ့ ဝေးကြသေးတာပဲလေ ...

ပေးဆပ်သူတို့ရဲ့ နောက်ကြောမှာ 
ဒဏ်ရာတွေဟာ သွေးအလိမ်းလိမ်းနဲ့ 
အများအကျိုးအတွက်တဲ့ 
နေ့စဉ်ဘဝတွေက မချိုမြနိုင်တော့... 

 မိသားစုဘဝတွေ ပြန်မဆုံနိုင်သေး 
တချို့ကွက်လပ်တွေက အစားထိုးမရ 
ထာဝရ လွင့်ပြယ်ပျောက်ပျက်သွား ...။ 

စခဲ့မိတော့ အဆုံးထိ မျှော်ကြရင်းနဲ့ 
လင့်နေတာတွေရှိပေမဲ့ 
ထမ်းပိုးလည်း ထမ်းရင်း 
ဂုတ်ပိုးက အသားမာတွေတက်စေ 
တာဝန်ကျေတဲ့ လူသားဖြစ်ချင်တယ်လေ ...

တစ်ချို့က ဖော်မြူလာအတိုင်း လျှောက်နေတုန်း 
တစ်ချိူ့က သည်းခြေကြိုက်စကားလုံးတွေသုံး 
ပေါ်ပြူလာနောက် တကောက်ကောက် လိုက်နေကြတုန်းပါပဲ ... 

 အမှန်တရား ခါးခါးနဲ့ 
လာရာခရီးပြန်လှည့်ကြည့်တော့ 
နောက်မှာ ... ကျန်နေသူတွေထဲ 
အပေါ်ယံတွေ များနေသေးတာ .... 

တို့ ရိုးသားဖို့လိုလိမ့်မယ် 
လမ်းခုလတ်ရောက်နေတဲ့ခရီးက 
နောက်ပြန် လှည့်ထွက်ဖို့မှ မဟုတ်ပဲ 
အရှေ့ဆီက ရောင်နီလာနေတာ 
တို့တွေ ရှေ့ဆက်ဖို့ ခရီးဟာ 
ပိုပြီး ရှင်းလင်းလာလေ မဟုတ်လား ...။ 

 March 10, 2022

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...