နတ်ဆိုးရဲ့ ခြိမ်းခြောက်သံကြောင့်

တိုးတိတ်နှုတ်ဆိတ်လို့

နောက်ဆုတ်မဲ့ခြေထောက်က

ပါမလာခဲ့ .....


ရှေ့တိုးခဲ့ဟန် ရုန်းကန်သံသာ

ကြားမိခဲ့

အမှန်တရားခါးခါးနဲ့

ဘေးကျပ်နံကျပ် ဘဝဆိုးတွေမှာ

မသာယာဖူးတာ အမှန်ပါ


မပြောဖြစ်တော့တဲ့စကားတွေအတွက်

ရင်ဘတ်ချင်းသာသိစေ

မတွေဝေ မတိမ်းစောင်း

ဒီလမ်းကပဲ စောင့်မယ် .... 


ဆိုဖူးတဲ့သစ္စာ မှန်ပါစေ

ရွယ်ဖူးတဲ့လက်ချင်း ချိတ်ကာ

သွားကြဦးစို့ မိတ်ဆွေ ..... 


July 25, 2022 (Mon)

Comments

Popular posts from this blog

လီလီပန်းလေး

နံရံတွေမှာ နားရှိတယ် .........

နီးရက်နဲ့ဝေး