ညအမှောင်ကို ကြောက်

လရောင်သာတဲ့နေ့တွေကို မျှော်

လရောင်ကင်းမဲ့ညတွေမှာ 

ညတာ တိုပါစေ

ဆန္ဒတွေစော ဆုတွေတောင်းခဲ့ .....


ဘဝရဲ့ ပုစ္ဆာတစ်ချို့ဟာ

ရှင်းပြစရာမလို

အဖြေမှန်က ရှိနှင့်လို့

အံဝင်ခွင်ကျဖြစ်ဖို့သာ

အားထုတ်မိခဲ့  .....


မူမှန်သူနဲ့ မူမမှန်သူမှာ

အချိန်က စကားပြောလိမ့်မပေါ့

ကိုယ်ကောင်းရင် 

ခေါင်းက ဘယ်မှမရွေ့ဘူး မဟုတ်လား ....


ရွေးချယ်တဲ့လမ်း ကြမ်းတမ်းပါစေ

တို့မမှုပြီ

တက်မရှိတော့ရင် လက်နဲ့လှော်မယ်

ခံနိုင်ရည်အားနဲ့ ဖြောင့်ဖြောင့်လျှောက်မယ် ....။


July 14, 2022 (THU)

Comments

Popular posts from this blog

လီလီပန်းလေး

သင်ယူခြင်း...