ရပ်ကြည့်နေမိတယ်
ရေဆန်ခရီးဟာ ရှည်ကြာလွန်းလှ
လာရာလမ်းဟာလည်း ခရီးအတော်ပေါက်ခဲ့ပြီပဲ .....

ငေးကြည့်နေမိတယ်
ချိတ်ချင်း ချိတ်တို့ငြိမြဲငြိဆဲ
လူ့လောက သံသယာထဲ ....

မမြင်နိုင်တဲ့ ကံကြမ္မာနေ့ရက်တွေမှာ
မျိုးစေ့တွေက လောကတခွင်
ဘယ်ဥယျာဉ်ထဲ ပေါက်ဖွားမလဲ .....

ဘယ်အသိုက်မှာ ခိုနားမလဲ
ငှက်ကလေးရေ....
လိုရာခရီး မင်းပျံသွားတဲ့အခါ
ဘေးကင်းလုံခြုံလို့
ချစ်ခြင်းမေတ္တာတွေ လွှမ်းခြုံတဲ့ကမ္ဘာမှာ
မင်း နားခိုနိုင်ပါစေ .....

TTH (14.5.2022)

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...