ဘဝမှာ စံတွေသတ်မှတ်ချက်တွေဆီ
အရောက်လှမ်းချင်ပေမဲ့
အတွေးတွေနဲ့ မှောက်
ဘေးရောက်ရောက်သွားတာ ....

ပြေးလမ်းတစ်လျှောက်
သွားရာတူလို့ ဖေးကူမယ်တွေး
ဝေးဝေးမပြေးရဲဘူး ....

စိတ်အစဉ်မှာ မဖိတ်မစင်နဲ့
အနာဂတ်ဆီသို့ တွေးတွေးမြင်ပြီး
စိတ်ကြီးဝင် ဘဝင်ကျမိတယ် .....

ရွေးချယ်စရာ ဒီတစ်လမ်းသာရှိတာမို့
လမ်းချင်းတူရင် တစ်နေ့တော့ဖြင့်
ဆုံနိုင်ကောင်းရဲ့ 
မဝေးတဲ့အနာဂတ်မှာ
အဖြေတစ်ခုက အသေအချာရှိနေရဲ့ ...။

TTH(24.04.2022)






Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး