ရင်ကွဲသံတွေဟာ တစစ်စစ်နဲ့

ခါးသီးတဲ့ ရက်ရှည်တွေမှာ

တစ်စစီပြန့်ကျဲနေတဲ့

မျှော်လင့်ချက် အပိုင်းအစတွေကို

ဆက်ပုံဖော်ရင်း အမှောင်ထဲမှာ

ရုန်းကန်နေဆဲ .....


ပြိုလဲမသွားဖို့ ကျားကန်ရင်း

အံကိုကြိတ်လို့ 

ပုံမှန်ဘဝကိုသာ တမ်းတပေမဲ့

ပေးဆပ်ခဲ့ခြင်းက မြင့်မြတ်စွာ

ဆုံးရှုံးမှုတွေလည်း မမှုတော့

ဘဝသစ်တစ်ခုဟာ 

နေရာတကျ ရှိနေမှာလို့ …..


ခုချိန်မှာ ရန်ငါစည်းခြား

ဆုံးဖြတ်ချက်က ဝေဝါးမသွား

မသိစိတ်မှာတောင် စွဲနစ်လာတော့

ကိုယ့်ကိုယ်ကိုယ် ညာမရတော့ဘူးပေါ့ ..... 


ဘဝတွေဟာ တည်ဆောက်ရခက်ခဲသလောက်

ဖျက်ဆီးပစ်ဖို့ တစ်ခဏပဲဆိုတာ

ကိုယ်တွေ့ကြုံရ ဒီဘဝမှာ ....


ရုပ်ဝတ္ထုတွေကိုသာ ဖျက်ဆီးလို့ရပေမဲ့ 

ငါတို့နှလုံးသားက အမြဲတမ်း

အမှန်တရားရဲ့ ဘက်တော်သားပဲမို့

ဘယ်နှစ်ကြိမ်ဖြိုလှဲကြပါစေ

ဒူးမထောက် လက်မမြှောက်

အမြဲရှင်သန်လို့နေမှာပါ ....

(19.06.2021) SAT

Comments

Popular posts from this blog

လီလီပန်းလေး

သင်ယူခြင်း...